ဘီးလင်းမြို့နယ်ရွှေလှေကျေးရွာအထက်တန်းကျောင်း၌ အခြေခံရှေးဦး ပြုစုခြင်း (ဆင့်ပွား)သင်တန်းဖွင့်လှစ်

ဘီးလင်း ဒီဇင်ဘာ ၂၂

မွန်ပြည်နယ် ဘီးလင်းမြို့နယ် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ (၂/၂၀၂၂) အခြေခံ  ရှေးဦးပြုစုခြင်း(ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီက ဘီးလင်းမြို့နယ် ရွှေလှေကျေးရွာ အခြေခံပညာ အထက်တန်း  ကျောင်း ၌ ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ် လက်ထောက်မြို့နယ် ပညာရေးမှူး ဦးခင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌ ဦးမြဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ အခြေခံရှေးဦးပြုစုခြင်း(ဆင့်ပွား) သင်တန်းသို့ အထက ရွှေလှေ ကျောင်းမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦးတက်ရောက်သွားမည်ဖြစ်ပြီး  မြို့နယ်ကြက်ခြေနီအသင်းခွဲ မှ သင်တန်းနည်းပြ ဆရာ၊ဆရာမ ၄ ဦးတို့က  သုံးရက်ကြာ စာတွေ့၊လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထူးနောင်၊ ဘီးလင်း( ပြန်/ဆက်)