ကျိုက်ထိုမြို့တွင် ကရင်အမျိုးသားနှစ်သစ်ကူး အထိမ်းအမှတ်ကျင်းပ

ကျိုက်ထို ဒီဇင်ဘာ ၂၂

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်ပြာသိုလဆန်း (၁)ရက် ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ်မှ ၂၇၆၃ ခုနှစ်သစ်သို့ ကူးပြောင်းသည့် ယနေ့ နံနက် ၉ နာရီတွင် ကရင်အမျိုးသားနှစ်သစ် ကူး‌နေ့အထိမ်းအမှတ်အဖြစ် ကျိုက်ထိုမြို့နယ် ဆိပ္ဖူးတောင် ဘ/က တွဲဘက် အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ အားကစားနှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ သည်။

အခမ်းအနားတွင် ဆိပ္ဖူးတောင်လူငယ် ဖွံ့ဖြိုးရေးသင်တန်းကျောင်း၏ နာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ အရှင်ဇောတိကမှ အဖွင့်ဩဝါဒကထာ မိန့်ကြားပြီး ကျောင်းပြင်ပ ပညာရေး မြို့နယ်ကြီးကြပ်ရေးမှူး ဆရာကြီး ဦးခင်မောင်ရီက ကရင်အမျိုးသား နှစ်သစ်ကူးအထိမ်းအမှတ် ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် အားကစားပြိုင်ပွဲများတွင် ‌ထူးချွန်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဆိပ္ဖူးတောင် ဘ/က တွဲဘက် အထက်တန်း ကျောင်းမှ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသူ(၅)ဦးအား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည

ဝင်းမောင်(ကျိုက်ထို)