ကန့်ဘလူ ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာပေဝါသနာရှင် များနှင့် Book Club အသင်းဝင်များ ပူးပေါင်းပြီး စာရေးဆရာမြင်းခြံကျော်အောင်၏ ကျန်းမာချမ်းသာအောင် ဘယ်လိုလုပ်မလဲ စာအုပ်မှ “လူအချင်းချင်း လူလိုမဆက်ဆံတတ်ပါက” ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် Book Club အသင်းဝင်များက လူအချင်းချင်း လူလိုမဆက်ဆံ တတ်ပါက ဆောင်းပါးမှ လူအချင်းချင်း လူလိုဆက်ဆံ တတ်သူများရှိသကဲ့သို့ လူလိုမဆက်ဆံတတ်သူများလည်း အများအပြားရှိ ကြောင်း၊ ရာထူး ဂုဏ်သိန်မြင့်မားသော်လည်း၊ ဘွဲ့ဒီဂရီ ကြီးကြီးမားမားရယူထားသော်လည်း၊ မည်သည့်ရာထူးနှင့် ပညာမရှိသော် လည်း လူအချင်းချင်း လူလိုမဆက်ဆံတတ် ပါက မည်သည့်အကျိုးမျှ ဖြစ်ထွန်း လာမည်မဟုတ်ကြောင်း၊ လူ့လောကတွင် လူအချင်းချင်း လူလို စေတနာ၊ မေတ္တာ၊ ဂရုဏာ တရားများဖြင့်ဆက်ဆံတတ်ရန်မှာ အထူးအရေးကြီးကြောင်း၊ လူမှုဆက်ဆံရေး ပညာသည် လူတိုင်းတတ်သင့်တတ်ထိုက်သည့် ပညာဖြစ်ကြောင်း၊ ဆက်ဆံရေးပညာတတ်ကျွမ်းကြမှသာ မိမိတို့လိုလား တောင့်တသည့် ကုသိုလ်၊ ပညာ၊ ဥစ္စာများ၊ အခြားလိုအင်ဆန္ဒများ ပြည့်ဝကြမည်ဖြစ်ကြောင်းတို့ကို အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)