မင်းလှ ဒီဇင်ဘာ ၂၂
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ် ပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း များက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်းနှင့် ဆေးဝါးများအခမဲ့ ဖြန့်ဝေပေး ခြင်းတို့ကို နံနက် ၉ နာရီမှ နေ့လယ် ၃ နာရီချိန်ထိ ဆောင်ရွက်ပေးခဲ့ရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၃၅)ဦးအား ကုသပေးကြောင်း သိရသည်။
ပေါက်စ(မင်းလှ)