မော်လမြိုင် ဒီဇင်ဘာ ၂၁
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် မော်လမြိုင် တက္ကသိုလ်တို့ပူးပေါင်း၍ မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများအား လူငယ်ရေးရာ မူဝါဒပါကဏ္ဍ (၁၆) ရပ်အနက် ကဏ္ဍတစ်ခု အဖြစ် ပါဝင်သော ကျား၊ မ ညီမျှမှုကဏ္ဍနှင့် ဆက်စပ်သည့် ကျား၊ မရေးရာ (Gender)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူ စာချုပ်၊အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) (National Stragetic Plan for the Advancement of Women – NSPAW) နှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက် ၁၃၂၅ United Nations Security Council Resolution 1325 ) အသိ ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မော်လမြိုင် တက္ကသိုလ်၊ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မော်လမြိုင် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် Dr. သီတာထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မွန်ပြည်နယ်လူမှု ဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းကဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ အမျိုးသမီး ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်နေသော နွေးထွေးသောရင်ခွင် ကိုယ့်အားကိုယ်ကိုးအဖွဲ့စီမံချက် မန်နေဂျာ ဦးဇော်မိုးအောင်က ကျား၊ မရေးရာ(Gender)၊ ကျား၊ မ အခြေပြု အကြမ်းဖက်မှု အကြောင်း (Gender. Based Violence) အကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် (Convention on the ၊ Elimination of All Forms of Discrimination Against Women – CEDAW)၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) (National Stragetic Plan of the All Forms of Discrimination Against Women – NSPAW) နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၃၂၅ ( United Nations Security Council Resolution 1325 တို့ကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားပြီးအခမ်းအနားသို့ မော်လမြိုင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၁၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်