ခေါဇာ ဒီဇင်ဘာ ၂၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို အေးချမ်းသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံနှင့်စာအုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက စတင်ခင်းကျင်းပပြသခဲ့သည်။
အဆိုပါပြပွဲတွင် မြန်မာနိုင်ငံအတွင်းရှိ အထင်ကရဘုရားစေတီပုထိုးများ သဘာဝအလှရှုခင်းဓာတ်ပုံများနှင့် လွတ်လပ်ရေးနေ့နှင့်သက်ဆိုင်သောစာအုပ်များ သုတ၊ရသစာအုပ်များ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို အေးချမ်းသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံနှင့် စာအုပ်ပြပွဲကို ဒီဇင်ဘာ(၂၁)ရက်မှ(၂၃)ရက်နေ့အထိ (၃)ရက်ခင်းကျင်းပြသ ပေးသွားမှာဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ခေါဇာ(ပြန်/ဆက်)