လပွတ္တာခရိုင်အတွင်းရှိ မဲစာရင်းများပြည့်စုံမှန်ကန်ရေး၊ အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား Cross Check စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားပြုလုပ်

လပွတ္တာ ဒီဇင်ဘာ ၂၁
 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်းရှိ မဲစာရင်းများပြည့်စုံမှန်ကန်ရေး၊ အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား Cross Check စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ရှင်းလင်းဆွေးနွေးပွဲကို လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၂ခုနှစ်၊ ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ၊ ခရိုင်/မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဦးစီးမှူးများ၊ လပွတ္တာမြို့နယ်၊ မြို့ပေါ်ရပ်ကွက်(၁၄)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ စုစုပေါင်းအင်အား(၄၅)ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနား၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လပွတ္တာခရိုင်အတွင်း ဥပဒေနှင့်အညီ နေထိုင်သူများစာရင်းအား Cross Check ပြုလုပ်ထားမှုအခြေအနေကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသော ဌာနအသီးသီးမှ တာဝန်ခံအရာရှိများက အထွေထွေဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြပြီး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို(၁၁း၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

လပွတ္တာခရိုင်(ပြန်/ဆက်)