ချောင်းဆုံမြို့နယ်၌ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဖြင့် ပဏာမမျက်စိကျန်းမာရေးစောင့်ရှောက်မှု(ဆင့်ပွား)သင်တန်းပို့ချ

ချောင်းဆုံ ဒီဇင်ဘာ ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ပဏာမမျက်စိ ကျန်းမာရေးစောင့်ရှောက်မှု(ဆင့်ပွား)သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ချောင်းဆုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချသည်။

ယခုသင်တန်းကိုပြည်သူများ အမြင်အာရုံချို့တဲ့စေသည့် မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဖြစ်သည့် ပဏာမမျက်စိကျန်းမာရေးသင်တန်းအဖြစ် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာဝင်းက အဖွင့်အမှာ စကားပြောကြားသည်။

အဆိုပါသင်တန်းတွင် မျက်စိကျန်းမာရေးစောင့်ရှောက်ကုသပေးနိုင်မည့် သင်ခန်းစာ(၃)မျိုး၊ ရှေးဦးပြုစုပေးပြီးနောက် မျက်စိရောဂါဌာနသို့ လွဲပြောင်းပေးရမည့် မျက်စိရောဂါ(၁၀)မျိုး၊ မျက်စိကျန်းမာရေးစောင့်ရှောက်သူများ လက်တွေ့လုပ်ဆောင်ရမည့် မျက်မှန်လိုအပ်သူများ၊ ကလေးသူငယ်အမြင် စွမ်းအားကျဆင်းခြင်းအစရှိသည့် သင်ခန်းစာ(၉)မျိုးအား သင်တန်းနည်းပြဆရာအဖြင့် ကျန်းမာရေးမှူးအဆင့်(၁)ဦးမြင့်ဝင်းအပါ (၃)ဦးတို့က မြို့နယ်အတွင်းရှိ လက်ထောက်ကျန်းမာရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်း(၈၃)ဦးတို့အား  စာတွေ့လက်တွေ့ဖြင့်နှစ်ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)