မင်းကင်းမြို့နယ် လူထုအခြေပြုပြုဗဟုဌာန (Community Centre)ခန်းမ၌ ကလောင်စုံ ရေးသားသည့် “လူဆိုသည်မှာ" စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်

မင်းကင်း ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို  ယမန်နေ့ညနေ (၁) နာရီက ကလောင်စုံရေးသားသည့် "လူဆိုသည်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်းကင်းမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာ များဖြစ်ကြသည့် စာရေးဆရာ‌ကျော်သိန်းဆွေ (မင်းကင်း)က စာရေးဆရာ ကံညွှန့်လှိုင်(တောင်ကြီး)ရေးသားသည့် "မျိုးဆက်သစ်သို့ လမ်းပြကြယ်"၊ ဆရာကြီး ဦးသန်းငွေက စာရေးဆရာ သင့်နော် ရေးသားသည့် "တာဝန်ယူချင်စိတ်နဲ့ အလုပ်လုပ်ကြမယ်"၊ ဦးဘိုးကျိုက်(ပွင့်လျက်)က မြင့်ကြိုင် (အောင်မိုးဆောင်း) ရေးသားသည့် "လူကောင်းလူတော် တို့ရည်မျှော်" စာရေးဆရာ မြင့်သဏ်း (မင်းကင်း) က "ရဲသျှမ်း ရေးသားသည့် အညွန့်တလူလူဖြစ်မှ လူ"၊ စာရေးဆရာဦးတင်မောင်သိန်း (ပွင့်လျက်)ကရွှေဆည်းဆာ ရေးသားသည့်  "လူစစ်လူမှန် လူတော်လူကောင်း" ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများ အသင်းဝင်များမှ စာအုပ်ပါ အကြောင်းအရာများအား ခေါင်းစဉ်ခွဲများအလိုက် အသီးသီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ မင်းကင်းမြို့နယ်စာပေဝိုင်းအဖွဲ့မှ စာရေးဆရာများ (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုစုပေါင်း (၁၂) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။‌

ဇလပ်ဖြူ(မင်းကင်း)