ဒေးဒရဲမြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဒေးဒရဲ ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုဖြင့် ဒေးဒရဲမူလတန်းကြိုကျောင်း၌ ကလေးငယ်များ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ဒေးဒရဲ မူလတန်းကြိုကျောင်း၌ ကျင်းပရာဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်သား၊ ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့သည်။

အခမ်းအနားကို ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုး ဦးအေးကျော်နှင့် တာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍  ကျောင်းတွင်းကာယ စွမ်းရည်ပြိုင်ပွဲများကို ကျင်းပခဲ့ရာကျောင်းသား၊ ကျောင်းသူများက အကြီးတန်းအဆင့် ပင် ပေါင်သယ်၊ အာလူးကောက်၊ အရုပ်ထောင်ပြေး၊ ရေဘူးရေဖြည့်၊ လင်ဗန်ရွက်ကစားနည်းများနှင့် အငယ်တန်း အဆင့်မုန့်စား၊ အသီးကောက်၊ ပင်ပေါင်သယ်၊ ပူပေါင်းဖောက်၊ ခေါင်းအုံးရွက်၊ အပြေးပြိုင်ပွဲ စသည့် အားကစားနည်များကို  ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများကို  ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုး ဦးအေးကျော်၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နီနီမြင့်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း