ဒိုက်ဦး ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဒီဇင်ဘာလ ၂၁ရက်နေ့ နံနက် ၁၀ နာရီ အချိန်က၊ အတွဲ(၅၄)၊အမှတ်(၄၄)၊၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၉ရက်နေ့ထုတ် ရွှေသွေးဂျာနယ်မှ စာရေးဆရာရွှေလင်းမြေညွှန့်ကိုကို ရေးသားထားသော" ကန်စွန်းဥမှ ရရှိနိုင်သည့် အာဟာရနှင့် ဆေးဖက်ဝင်အကျိုးကျေးဇူး" ဆောင်းပါးဖြင့် Youth Club အဖွဲ့ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဆွေသက်အောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး Grade 7 ကျောင်းသားမောင်ရန်နိုင်အောင်က ကန်စွန်းဥတွင် ပါရှိသော ကယ်လိုရီ၊ ကစီဓာတ်၊ အသားဓာတ်၊ အဆီ၊ အမျှင်တို့က အူလမ်းကြောင်းကို ကျန်းမာအောင်ဆောင်ရွက်ပေးနိုင်ခြင်း အချက်များဖြင့်လည်းကောင်း၊ Grade 7 ကျောင်းသူ မသက်သက်သင်းက ကန်စွန်းဥတွင် ပါဝင်သော ပိုတက်ဆီယံက ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများပုံမှန်ဖြစ်ရန် ဆောင်ရွက်ပေးပြီး ကြွက်သား၏ လုပ်ငန်းများကို ပုံမှန်ထိန်းပေးကာ ကြွက်တက်မှုကို ကာကွယ်ပေးနိုင်ကြောင်းနှင့် Grade 7 ကျောင်းသူမနှင်းဝတ်ရည်က ဆောင်းပါးအား ပြန်လည်ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)