ကလေးမြို့တွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကလေး   ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီ အစဉ်ဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကိုယနေ့နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ကားကြီး ဝန်းရှေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်းသိရသည်။

အဆိုပါအခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်(၁)ပြည်၊ ဆီ(၁၀)ဆယ်သား၊ကြက်ဥ(၇)လုံးတို့ကို စုစုပေါင်းတန်ဖိုး (၃၀၀၀) ကျပ်နှုန်းဖြင့် အထုပ် ၃၀၀ကို နံနက် နာရီခွဲ အချိန်မှစတင်၍ ရောင်းချပေးခဲ့ရာ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသောကြောင့် ဝယ်ယူသူများမှာ ဝမ်းမြောက်လျက်ရှိကြောင်းသိရသည်။

ထို့သို့ရောင်းချပေးရာတွင် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် တာဝန်ရှိသူများမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာ ရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရန်နှင့် ပြည်သူများ အေးချမ်းစွာဝယ်ယူနိုင်စေရန်အတွက် အနီးကပ်ကြီးကြပ်၍ ရောင်းချ‌ပေးခဲ့ကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)