ကျိုက်မရော ဒီဇင်ဘာ ၂၁
ကျိုက်မရော မြို့နယ်တွင် ပဏာမမျက်စိကျန်းမာရေး စောင့်ရှောက်မှု(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက ကျိုက်မရော မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဆင့်(၁) ဒေါ်ရီဝင်းက ပြောကြားရာတွင် ပြည်သူများအမြင်အာရုဏ်ချို့တဲ့စေသည့် မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဖြစ်သည့် ပဏာမမျက်စိကျန်းမာရေး သင်တန်းအဖြစ်ဖွင့် လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် မျက်စိကျန်းမာရေး စောင့်ရှောက်ကုသပေးနိုင်မည့် သင်ခန်းစာသုံးမျိုး ရှေးဦးပြုစုပေးပြီးနောက် မျက်စိရောဂါဌာနသို့ လွှဲပြောင်းပေးရမည့် မျက်စိရောဂါ(၁၀)မျိုး၊ မျက်စိကျန်းမာရေး စောင့်ရှောက်သူများ လက်တွေ့လုပ်ဆောင်ရမည့် မျက်မှန်လိုအပ်သူများ ကလေးသူငယ် အမြင်စွမ်းအားကျဆင်းခြင်း အစရှိသည့် သင်ခန်းစာ(၉)မျိုးအား သင်တန်းနည်းပြ (၄)ဦးတို့က မြို့နယ်အတွင်းရှိ လက်ထောက်ကျန်းမာရေးမှူး၊ သားဖွားဆရာမ၊ ကျန်းမာရေး ကြီးကြပ်- ၂ စသည့် ကျန်းမာရေးဝန်ထမ်း(၈၅)ဦးတို့အား (၂)ရက်ကြာသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ကျိုက်မရော(ပြန်/ဆက်)