မြောင်းမြ ဒီဇင်ဘာ ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ ဒေသသုတေသနဗဟိုဌာနသို့ ယနေ့နံနက် ၉:၃၀ နာရီက သွားရောက်ပြီး ဆောင်ရွက်နေသည့်လုပ်ငန်းများအား ကြည့်ရှုလမ်းညွှန်မှာကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် အစိုးရ အဖွဲ့တာဝန်ရှိသူများ၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် ဒေသသုတေသနဗဟိုဌာနသို့ သွားရောက်ခဲ့ရာ သုတေသန တာဝန်ခံ ဒေါ်ဖြူပြာလွင်က ဒေသမျိုးစပါး သုတေသနပြုလုပ်နေမှုအခြေအနေများ၊ ပေါ်ဆန်းမွှေး အရည်အသွေး မြှင့်တင်ရေးနှင့် မြေဆီလွှာ ထိန်းသိမ်းခြင်းများ၊ ပေါ်ဆန်းမွှေး စိုက်ပျိုးသုတေသန ပြုလုပ်နေမှုများ၊ ဒေသနှင့် သင့်တော်မည့် မျိုးရွေးချယ်နေမှုများ၊ စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများ၊ ၂၀၂၂- ၂၀၂၃ ခုနှစ် မိုးရာသီတွင် တွေ့ရှိသည့် အလားအလာကောင်းသည့် ရေမြှုပ်ခံစပါး မျိုးသစ်၊ မိုးရေသောက် လယ်စပါးမျိုးသစ်၊ ဆည်ရေသောက် လယ်စပါးမျိုးသစ်၊ နိုင်ငံတော်မျိုးစေ့ကော်မတီသို့ မှတ်ပုံတင်ထားသော ဆားငန်ခံစပါးမျိုးသစ်များ၊ နည်းပညာဖြန့်ဖြူးပေးနိုင်မှုများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က မှာကြားစရာရှိသည်များအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် တာဝန်ရှိသူများပါဝင်သော အဖွဲ့သည် သုတေသန စပါးစိုက်ကွင်းနှင့် မျိုးစပါး ထုတ်လုပ်စမ်းသပ်နေမှုများ၊ သဘာဝမြေသြဇာ ပြုလုပ်နေမှုများ၊ ဒေသအလိုက် သင့်တော်သည့် မျိုးစပါးများ ပြသထားမှုများ၊ သီးထပ်ရင် မျိုးသန့်စပါး ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)