ချောင်းဆုံမြို့နယ် ကညှော်(အ.ထ.က)ကျောင်းတွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ(AIDS)တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျန်းမာရေးဆန်းစစ်လွှာ မေးခွန်း(၁၀၀)မေးမြန်းခြင်းဆောင်ရွက်

ချောင်းဆုံ ဒီဇင်ဘာ ၂၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျန်းမာရေးဆန်းစစ်လွှာ မေးခွန်း(၁၀၀)မေးမြန်း၊ ဖြေဆိုခြင်းကို ဒီဇင်ဘာ(၂၀)ရက်နေ့ နံနက်(၁၁) နာရီခွဲအချိန်က၊ မွန်ပြည်နယ်၊ ချောင်းဆုံ၊ မြို့နယ် ကညှော်(အ.ထ.က) ကျောင်း ပညာရတနာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ​ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းသန်းက အမှာစကားပြောကြားပြီး၊ ကျန်းမာရေးမှူး ဦးမင်းယဉ်ထွေးက  ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျန်းမာရေးဆန်းစစ်လွှာ မေးခွန်းများမေးမြန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများသည်ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ(AIDS) တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မေးခွန်း(၁၀၀)မေးမြန်းခြင်း ဆောင်ရွက်ပြီး၊ ကျောင်းသား ကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်သည်။

အဆိုပါ ကျန်းမာရေးဆန်းစစ်လွှာ မေးမြန်း​ခြင်းကို၊ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြကြောင်း  သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)