မိုင်းယောင်းတွင် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

မိုင်းယောင်း ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ် ဝမ်ကောင်းကျေးရွာအုပ်စု ဇီးအုံကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် မုန်းလိုက်ကျေးရွာအုပ်စု နမ့်ဆီလင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ) ကျောင်းဆာင်သစ်များအား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ ကျောင်းဆောင်သစ် နှစ်ဆောင်ကို နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဂျပန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နန်းစီဖေါင်း (ပြန်/ ဆက်)