မန္တလေး ဒီဇင်ဘာ ၂၀
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ဆရာမင်းမြတ်မိုး(မန်းမြေ) စုစည်းစီစဉ်သည့် ရင်မှရင်သို့ ရင်သွယ်အက္ခရာ ရသစုံ ကဗျာများစာအုပ်အား ရေးသူ၊ဖတ်သူဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်း ကျင်းပရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ဆရာမင်းမြတ်မိုး(မန်းမြေ)က မန္တလေးဒေသခံကဗျာဆရာ၊ဆရာမများကစုစည်းပြုစုထားသည့် ကဗျာစာအုပ်ဖြစ်ပေါ်လာပုံ၊ ကဗျာအမျိုးအစားများအကြောင်း၊ ကဗျာရေးဖွဲ့စပ်နည်းများအကြောင်းနှင့် ရင်မှရင်သို့ရင်သွယ်အက္ခရာ စာအုပ်ပါကဗျာများအကြောင်းကိုဆွေးနွေးခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် ဆရာမင်းဏီလူ၊ ဆရာလူဝင်းဖေ၊ ဆရာမိုးကျော်(စစ်ကိုင်း)၊ ဆရာစိုးဝင်း(ဆသရ)၊ ဆရာဟာမိုနီ၊ ဆရာ စောနန်းမြေအောင်၊ဆရာမဝေးလွင့်တိမ်၊ ဆရာမနွေး ထွေး(ပုသိမ်ကြီး)၊ ဆရာမ ခတ္တာလှိုင်တို့က ကဗျာစာအုပ်ပါ ကဗျာများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်