သီပေါမြို့အမှတ် (၆) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

သီပေါ ဒီဇင်ဘာ ၂၀

ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ အမှတ်(၆) အခြေခံပညာ အလယ်တန်း ကျောင်းခွဲသို့ ယနေ့နံနက် (၁၀) နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အသိပညာပေး ရုပ်ပြကာတွန်း စာအုပ်၊ ပုံပြင်၊ တေဇရုပ်စုံ စာအုပ်များအား ဖတ်ရှုစေခဲ့ရာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များက အသိပညာပေးစာအုပ်များကို စိတ်ဝင်စားစွာဖတ်ရှုခဲ့ကြကြောင်းနှင့် ပြန်/ဆက်ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များအား ငှားရမ်းပေးခဲ့ကြောင်း  သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)