လှိုင်းဘွဲ ဒီဇင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသားကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများအလွယ်တကူရရှိစေရန်အတွက် လစဉ်စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်များကို ပြသလျက်ရှိရာ ကလေးအလုပ်သမားပပျောက်ရေး စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ကို ပြသထားရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ကျောင်းသားကျောင်းသူများအနေဖြင့် ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်၊ အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်ခွင့်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်များ၊ နည်းဥပဒေများ၊ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ နိုင်ငံတော်မှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များစသည်တို့ကို ကျောင်းသားကျောင်းသူများ အနေဖြင့် သိရှိနိုင်စေရန်အတွက် ပြသထားရှိကြောင်း သိရသည်။
စောဖိုးခွါး(ပြန်/ဆက်)