မိုင်းဆတ် ဒီဇင်ဘာ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ စစ်တုရင်ပြိုင်ပွဲနှင့် ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့မွန်းတည့်(၁၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ နေ့လည်အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ထိုးထွင်းကြံဆတက်စေရန်၊ အချင်းချင်းပူးပေါင်းကူညီဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် ပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာပေများဖတ်ရှုပြီး ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စစ်တုရင်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများပြုလုပ်ပေးပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)