မိုင်းယောင်း ဒီဇင်ဘာ ၂၀
မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု ရှေခင်ကျေးရွာနှင့် ဝမ်ကောင်းကျေးရွာအုပ်စု ဝမ်ယွတ်ကျေးရွာတို့၌ ယနေ့ နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောမတ်(ခ)လော်ခယ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက မူးယစ်းဆေးဝါးလက်ဝယ်ထားရှိမှု ရောင်းဝယ်မှုနှင့်ပတ်သက်သည့် ဥပဒေအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပွားနိုင်သော ရောဂါဝေဒနာများအကြောင်း၊ မူးယစ်ဆေးပေးနှင့်ပတ်သက်သည့် ကျခံရမည့် ပြစ်ဒဏ်များအကြောင်း၊ ဘိန်းအစားစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း