ကမမောင်း ဒီဇင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။
ဟောပြောပွဲတွင် ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည်တိုက်လက်ထောက်-၃(အင်အားပြ) ဒေါ်တင်တင်လှက လွတ်လပ်ရေး၏ အဖိုးအနဂ္ဃ ထိုက်တန်မှုနှင့် အနှစ်သာရပြည့်ဝပုံ၊ တချိန်ကမြန်မာတို့ ကိုယ့်ထီးကိုယ့်နန်းနှင့်နေခဲ့ကြပုံ၊ နယ်ချဲ့လက်အောက်သို့ကျရောက်ချိန်၌ တိုင်းရင်းသားလူမျိုးစု အလွှာပေါင်းစုံမှ ဇာတိမာန် ထက်သန်စွာဖြင့် တွန်းလှန်တိုက်ခိုက်ကြပုံ၊ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် လွတ်လပ်ရေးရရှိလာပုံ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများကို နှစ်စဉ်နှစ်တိုင်း ကျင်းပကြောင်း၊ လွတ်လပ်ရေးကို တန်ဖိုးထားချစ်မြတ်နိုးစိတ် ထာဝရရှိရန်လိုအပ်ကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရှိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)