မဟာအောင်မြေမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ

မဟာအောင်မြေ  ဒီဇင်ဘာ   ၂၀

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အလွတ်တန်း ဘောလုံးပြိုင်ပွဲကို (၁၇-၁၂-၂၀၂၂) ရက်နေ့မှ (၄-၁-၂၀၂၂) ရက်နေ့အထိ မဟာအောင်မြေမြို့နယ်၊ မြို့နယ်အားကစားကွင်း၌ ကျင်းပလျက်ရှိသည်။

မဟာအောင်မြေမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့် အားကစားဝါသနာရှင်များပူးပေါင်း၍ ကျင်းပဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကျင်းပပေးရခြင်းရွယ်ချက်မှာ ထူးချွန်ပြီး အရည်အသွေးပြည့်ဝသည့် မျိုးဆက်သစ်လူငယ်ကစားသမားများ ရွေးချယ်ဖွဲ့စည်းနိုင်စေရန်၊ မျိုးဆက်သစ် လူငယ်ကစားသမားများ တိုးတက်ပြန့်ပွားလာစေရန်၊ မြို့နယ်လက်ရွေးစင်အဆင့်မှ ခရိုင်နှင့် တိုင်းဒေသကြီးလက်ရွေးစင်အဆင့် မျိုးဆက်သစ် လူငယ်အားကစားသမားများ မွေးထုတ်ရာတွင် အထောက်အကူပြုစေရန်၊ မြို့နယ်အတွင်းရပ်ကွက်များမှ အားကစားသမားများ စုစည်း၍ ချစ်ကြည်ရင်းနှီးမှုရရှိခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ်ပိုမိုခိုင်မြဲလာစေရန်၊ နိုင်ငံတော်၏ အားကစား လှုပ်ရှားမှုများကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ဘောလုံးအားကစားပွဲသို့ မြို့နယ်အားကစားမှူး ဦးရှီးမွန်၊ဒု-ဥက္ကဌ မြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ အငယ်တန်းဘောလုံးနည်းပြများ၊ နည်းပြ/နည်းစနစ် (မြို့နယ်အား/ကာမှူး)၊ တိုင်းလက်ရွေးစင် ကစားသမားဟောင်းများ၊ ရပ်ကွက်နေပြည်သူများ လာရောက် ကြည့်ရှုအားပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း