မိုးနဲ ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်ပြပွဲနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းပါဝင်သည့် နံရံကပ်စာစောင်ပြပွဲပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမနေရာ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ကျောင်းသား/ သူများအနေဖြင့် အားလပ်သော အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းပညာရေးအပြင် ပြင်ပဗဟုသုတများ ရရှိစေမည့် စာအုပ်စာပေများကိုလည်း ဖတ်ရှုလေ့လာပြီး သူငယ်ချင်း အချင်းချင်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်တတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိပြီး၊ အတွေးအခေါ်အသိအမြင်များ ဖလှယ်တတ်စေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင်တွင် အသုံးချတတ်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး စာအုပ်ပြပွဲတွင် သုတ/ရသစာအုပ်ပေါင်း ၂၀၀ ကျော်ကိုလည်းကောင်း ၊နံရံကပ်စာစောင်တွင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်း၊ မြို့နယ်လှုပ်ရှားမှုမှတ်တမ်းများ၊ အေးချမ်းသာယာ ပြည်မြန်မာ မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ထားရှိရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရသိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)