ကော့သောင်း ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနက အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အေးမြကန်သာရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး ပညာသင်တန်းကျောင်းတွင် ပြုလုပ်သည်။
အသိပညာပေး ဟောပြောမှုအစီအစဉ်တွင် သင်တန်းသူ အမျိုးသမီးငယ်များအား ကော့သောင်း ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးရာ ဥပဒေဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်နှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့် ဗဟုသုတဖြစ်ဖွယ်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)