မုံးကိုး ဒီဇင်ဘာ ၂၀
မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Culb) အသင်းနှင့် ပူးပေါင်း၍ ယမန်နေ့လယ် ၂ နာရီ အချိန်က စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထုတ် ဝေသည့် “ခေါင်းဆောင်မှုနဲ့စီမံခြင်း ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင်မုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (ကိုယ်စား) ဒေါ်လွေးအမ်ဆေးရုပ်သံကျွမ်ကျင်-၃က လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်ရာတွင် စာပေဝါသနာအချင်းချင်းမှ အသိပညာဗဟုသုတများ အပြန်အလှန် ဆွေးနွေးဖလှယ်စေခြင်း၊ လူငယ်လူရွယ်များမှ ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေ ဖတ်ရှုလေ့လာမှု အကျင့်ကောင်းများရရှိစေရန်နှင့် စာအုပ်များ စာစောင်များအပေါ် စိတ်ပါဝင် စားမှုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ) ၏ ရေးသားထုတ်ဝေသည့် " ခေါင်းဆောင်မှုနဲ ့စီမံခြင်း" စာအုပ်တွင် တန်ဖိုးရှိတဲ့ဘဝခေါင်းစဉ်ပါ အကြောင်းအရာများအား ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းဝင်များက စာအုပ်ပါ အကြောင်းအရာများ ကိုအပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မေစံပယ်ဖူး(မုံးကိုး)