မိုင်းယောင်းတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မိုင်းယောင်း ဒီဇင်ဘာ ၂၀

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလားရပ်ကွက်၊ ကျေးရွာပေါင်းစုံ အားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများအဖြစ် ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်ရိုက်ပြိုင်ပွဲများ၊ ချောတိုင်တက်၊ ခေါင်းအုန်းရိုက်၊ ကျပန်း၊ စာစီစာကုံး၊ ကဗျာရွတ်၊ ဘတ်စကက်ဘော၊ ထုပ်စည်းတိုးနှင့် ရိုးရာအားကစားပြိုင်ပွဲများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

စိုင်းအောင်ဇော်လင်း