မှော်ဘီ ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် လှယဉ်ကျေးမယ်နှင့် ကာယအလှမယ်ပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက မှော်ဘီမြို့နယ် မြန်မာ့ဆန်စပါးသုတေသနရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်က အဖွင့်အမှာစကား ပြောကြားကာ ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်း စည်းကမ်းများကို အကဲဖြတ်ဒိုင်လူကြီး ဒေါ်ခိုင်ဇာဝေက ရှင်းလင်းပြောကြားပြီး လှယဉ်ကျေးမယ်နှင့် ကာယအလှမယ် ပြိုင်ပွဲဝင် (၁၂) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
၎င်းနောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အဆိုပါလှယဉ်ကျေးမယ်နှင့် ကာယအလှမယ်ပြိုင်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြိုင်ပွဲဝင်များ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)