သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကျင်းပ

သာပေါင်း ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကို ယမန်နေ့နေ့လယ် ၁၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းတွင် ကျင်းပကြသည်။

မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ ဒီဇင်ဘာလကုန် နေကြာလျာထားချက်ပြည့်မီစွာစိုက်ပျိုးရေး၊ နွေစပါး Contract Farming ဆောင်ရွက်မည့် ဧကစာရင်း၊ တောင်သူအမည်စာရင်း ပြင်ဆင်တင်ပြရေး၊ စိုက်ဘဏ်ချေးငွေများ ပြန်ဆပ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း