ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ပြုလုပ်

ကျိုက်မရော   ဒီဇင်ဘာ ၂၀

ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူအကာကွယ်ပေးရေးအသိပညာပေးဆွေးနွေးပွဲ (Talk-Show)ကို ယနေ့နံနက် ၁၀ နာရီကလူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက စားသုံးသူပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးအောင်ညီညီခန့်က စားသုံးသူ၏တာဝန်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့်စားသုံးသူ၏ အခွင့်အရေးများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ အပတ်စဉ်ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများနှင့် အသိပညာဗဟုသုတမျှဝေသည့် အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုဆွေးနွေးပွဲ (Talk-Show)အစီအစဥ်ကို  We Love kyaikmaraw Facebook page စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ကျိုက်မရော (ပြန်/ဆက်)