ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းကျေးရွာ၌ ဆောင်းသီးနှံနေကြာစိုက်ပျိုးနေမှုအား ဟိုင်းကြီးကျွန်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးတင်ညိုနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ ယမန်နေ့နံနက်(၀၈:၀၀)နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးတင်ညိုနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် တောင်သူဦးကျော်နိုင်၏ ကွင်းအမှတ်(၁၈၆၈/A)၊ ဦးပိုင်အမှတ်(၅၉/၁)၊ လယ်မြေဧက(၁.၅)ဧက၌ ဆောင်းသီးနှံနေကြာမျိုးစေ့ချ စိုက်ပျိုးနေမှုကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးတင်ညိုနှင့်ဝန်ထမ်းမှ စိုက်နည်းစနစ်မှန်ကန်ရေး၊ ဓာတ်မြေဩဇာအချိုးကျသုံးစွဲရေးတို့ကို ရှင်းလင်းပြောကြားပြီး လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)