ပဲခူး ဒီဇင်ဘာ ၁၉
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပထမနေ့ပွဲစဥ်အဖြစ် ဥဿာအသင်းနှင့် ရောင်ပြန်အသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဥဿာအသင်းက ရောင်ပြန်အသင်းအား ၁၀ ဂိုး ၄ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပဲခူးမြို့နယ် ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကလပ်အသင်း(၁၄)သင်းဖြင့် အုပ်စု(၄)စုခွဲကာ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ တိုင်းအားကစားခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ပဲခူးမြို့နယ်အတွင်းရှိ ဖူဆယ်ဘောလုံး အားကစားဝါသနာရှင်များမှ ဝင်ရောက်ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)