မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂၀၂၂ ခုနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားဌာနပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၁၈

မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကို လေ့လာလိုက်စားကြစေရန် ရည်ရွယ်၍ မွန်ပြည်နယ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ညနေ (၃:၀၀) နာရီအချိန်က မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ဗိုလ်လုပွဲတွင် အထွေထွေအုပ်ချုပ်ရေးဘောလုံးအသင်းနှင့် လှုမှုရေးရာဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ပြည်နယ်၀န်ကြီးချုပ်နှင့် ပြည်နယ်အဆင့်၀န်ကြီးများကကြည့်ရှုအားပေးခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပွဲစဉ်အလိုက်၊ ပထမ၊ ဒုတိယ၊ ပူးတွဲတတိယနှင့် အကောင်းဆုံးကစားသမားဆုများရရှိကြသည့် အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများမှ ဆုတံဆိပ်နှင့် ငွေသားဆုများ၊ တံခွန်စိုက်ဒိုင်းဆုများကို  အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)