အခြေခံပညာ အထက်တန်းအဆင့် Grade-9 ဘာသာ ရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကျိုက်မရော   ဒီဇင်ဘာ ၁၈

၂၀၂၂-၂၀၂၃ခု နှစ် ၊ ပညာသင်နှစ် အခြေခံပညာ အထက်တန်း အဆင့်Grade-9 ဘာသာရပ် ဆိုင်ရာ   အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနား ကို ဒီဇင်ဘာ ၁၇ ရက်  နံနက် ၉နာရီ က အ.ထ.က ကျိုက်မရော ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနား၌အခြေခံပညာ Grade-9 ဘာသာရက် ဆိုင်ရာ မေးခွန်းပုံစံနှင့် အမှတ်ပေး စည်းမျဉ်များနှင့် ပါတ်သက်၍   အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဒုတိယ မြို့နယ် ပညာရေးမှူး  ဦးလှမိုး က ရှင်းလင်း ဆွေးနွေးကာ သင်တန်း နည်းပြ ဆရာ၊ဆရာမ (၁၂)ဦးတို့က ဘာသာ ရပ်အလိုက် သင်ကြားပို့ချနေသော Grade-9. အတန်းသင် ဆရာ၊ ဆရာမ များအား  စာမေးပွဲ မေးခွန်း ပုံစံ နှင့်အမှတ်ပေး စည်းမျဥ်း စည်းကမ်းများကို သင်ကြားဆွေးနွေးပို့ချခဲ့ သည်။

အဆိုပါ Grade-9 ဘာသာရပ် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သို့  Grade-9 မြန်မာစာ ဆရာ၊ဆရာမ၊၃၉ ဦး ၊ အင်္ဂလိပ်စာဆရာ၊ ဆရာမ ၄၀ ဦး၊ သင်္ချာ ဆရာ၊ ဆရာမ၊ ၄၂ ဦး၊  ပထဝီ ဆရာမ ၃၈ ဦး၊ သမိုင်း ဆရာမ ၃၅ ဦး ၊ သိပ္ပံဘာ သာ သင် ဆရာ၊ ဆရာမ ၃၃ ဦး၊ စုစုပေါင်း ဆရာ၊ ဆရာမ. (၂၂၇)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ၌ ဘာသာရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ ဘာသာ ရက်အလိုက် နည်းပြများက ပြန်လည် ဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။ 

ယနေ့Grade-9 ဘာသာရပ် ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲသို့ ကျိုက်မရော မြို့နယ်အတွင်းရှိ အခြေခံ ပညာ အထက်တန်း ကျောင်းများမှ အထက်တန်းပြ ဆရာ၊ဆရာမ စုစု ပေါင်း(၂၂၇)ဦး တို့ တက်ရောက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)