ကျိုက်မရော ဒီဇင်ဘာ ၁၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါ(AIDS) တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျန်းမာရေး ဆန်းစစ်လွှာ မေးခွန်း(၁၀၀) မေးမြန်း/ ဖြေဆိုခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အ.ထ.က ကျိုက်မရော ပညာအားမာန်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးက အမှာစကားပြောကြားပြီး ကျောင်းကျန်းမာရေး၊ လူမှုဆက်ဆံရေးမှူး ဒေါ်ရီဝင်းမှ ကမ္ဘာ့ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျန်းမာရေးဆန်းစစ်လွှာ မေးခွန်းများ မေးမြန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူးနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ဦးဆောင်၍ ကမ္ဘာ့ခုခံအားကျဆင်းမှု ရောဂါ(Aids) တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မေးခွန်း (၁၀၀)ကို ကျောင်းသား ကျောင်းသူများအား မေးမြန်းခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည့်။
အဆိုပါ ကျန်းမာရေး ဆန်းစစ်လွှာ မေးမြန်းခြင်း အခမ်းအနားသို့ မြို့နယ်ပညာရေးမှုးနှင့် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ ဆက်)