မွန်ပြည်နယ်တွင် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ပြည်နယ်ဝန်ကြီးချုပ် ပါ၀င်ဆင်နွှဲ

မော်လမြိုင် ဒီဇင်ဘာ ၁၇

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မား ရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက် လာနိုင်စေရန် ရည်ရွယ်၍ မွန်ပြည်နယ်တွင် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊  ရပ်ကွက်နေ ပြည်သူများ  စုစုပေါင်း အင်အား ၁၂၅၀ ကျော်ခန့် ပါဝင်ဆင်နွှဲကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စုပေါင်းလမ်းလျှောက်ပွဲစုရပ်ဖြစ်သည့် ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့ ဗဟိုလမ်း တစ်လျှောက်မှ ကမ်းနားလမ်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကမ်းနားလမ်း၌ ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်းနှင့် Fitness Dance လှုပ်ရှားမှုများ ပါဝင်ဆင်နွဲခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်