ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင် စာအုပ်ပြပွဲ ပြုလုပ်

ကျိုက်မရော  ဒီဇင်ဘာ  ၁၆

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေး က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေးနေ့ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်များ ပြသရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ ရရှိစေရန်အတွက် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ၌ တိုင်းပြည်နှင့် လူမျိုးကို ချစ်သော သမိုင်းဝင်ပုဂ္ဂိုလ်များ၏ စာအုပ်များနှင့် လွတ်လပ်ရေးကြိုးပမ်းမှု ဖြစ်စဉ်သမိုင်း ဓာတ်ပုံများကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရူမှတ်သားခဲ့ ကြသည်။

ပြပွဲသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ စာပေချစ်မြတ်နိုးသူများနှင့် ပြည့်သူများက လာရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)