ကျိုက်မရော ဒီဇင်ဘာ ၁၆
မွန်ပြည်နယ်၊ကျိုက်မရော မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအသိပညာပေး ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြပွဲကို ယနေ့ နံနက် ၉နာရီ က အ.မ.က ဘိန်းဗျောကျောင်း ခန်းမ၌ ပြုလုပ်သည်။ အခမ်းအနားတွင် အ.မ.က ဘိန်းဗျောကျောင်းမှ ဆရာမဒေါ်အိအိစံက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိူမြတ်မြတ်ထွေးက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ဟောပြောခဲ့သည်။
ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် နိုင်ငံခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းပုံများ၊ နံရံကပ် စာစောင်များကို ပြသခဲ့ရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)