ပင်လောင်းမြို့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ၌ နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်

ပင်လောင်း   စက်တင်ဘာ   ၂၂

ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အချိန်ကာလအတွင်း နေရပ်ပြန်ပြည်သူများကို အသွားအလာ ကန့်သတ် စောင့်ကြည့်နိုင်ရန်ဖွင့်လှစ်ထားသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အထက(၁)ကျောင်းတွင် မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်း က ဆောင်ရွက်ပေးကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း မြို့နယ်အသီးသီးမှ ပင်လောင်းမြို့နယ်သို့ ပြန်လည်ဝင်ရောက်လာသော နေရပ် ပြန်ပြည်သူများကိုထားရှိရန် အသွားအလာ ကန့်သတ်စောင့်ကြည်ရေးစင်တာ ဖြစ်သည့် ပင်လောင်းမြို့နယ်၊ အထက(၁) တွင် အမျိုးသား ၁၈ ဦး နှင့် အမျိုးသမီး ၁၈ ဦးကို မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်နန်းခင်မြသိန်းနှင့် ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းပေးခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာနေထိုင်ကြရန် အသိပညာ ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း (ပင်လောင်း)