လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စုများအား စားသောက်ကုန်များ  လှူဒါန်း

လှိုင်သာယာ(အရှေ့ပိုင်း)  စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကိုဗစ်−၁၉ ရောဂါဖြစ်ပွားခဲ့သော အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် ရေဥက္ကံကျေးရွာများရှိ Lock down ချခံထားရသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် လှိုင်သာယာ မြို့နယ် SME လုပ်ငန်းရှင်များ နှင့် လွှတ်တော်ကိုယ်စား လှယ်ရုံးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက စားသောက်ကုန်များ လှူဒါန်းပေး ခဲ့ကြသည်။
ထိုသို့ လှူဒါန်းရာတွင် အမှတ်(၅)ရပ်ကွက်၊ အ မှတ်(၆)ရပ်ကွက်နှင့် ရေဥက္ကံကျေးရွာများရှိ Lock down ချခံထားရသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ကြက်ဥ နှင့် ပဲ များကို သွားရောက် လှူဒါန်းကာ ၎င်း Lock down ချ ထားသော အိမ်ထောင်စုများကို Hand Speaker ဖြင့် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိူင်(ပြန် /ဆက်)