မိုဝိုင်းလွတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်တစ်လုံး ရေတိုက်စားမှုဖြစ်

မိုဝိုင်းလွတ်  စက်တင်ဘာ   ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် မိုဝိုင်းလွတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်တစ်လုံး ရေစားမှုဖြစ်ဖွားခဲ့ရာ ယနေ့နံနက် ၈ နာရီအချိန်တွင် ဌာနဆိုင်ရာများ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေ ပြည်သူများ က အန္တရာယ်မဖြစ်စေရန် သွားရောက်ဝိုင်းဝန်း ကူညီ ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူနေအိမ်သည် နန်ခါချောင်းကမ်းဘေးနှင့် နီးကပ်စွာ ရှိနေခြင်းကြောင့် ယခုလို ဖြစ်ရခြင်းဖြစ်ကြောင်း အိမ်ပိုင်ရှင် ဦးဟာပူကပြောသည်။

အဆိုပါ ရေတိုက်စားမှုနေရာသည် ဆိုးဝါးလွန်းသောကြောင့် မြေထိန်းနေရာအား (၃)ဆင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရှိရသည်။

ပီယမ်း(ပြန်/ဆက်)