မူဆယ်မြို့ ကျင်စန်းကျော့ဂိတ်ဘက်မှ ကြံများ တရုတ်နိုင်ငံဘက်သို့ တင်ပို့

မူဆယ် ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ကျင်စန်းကျော့ဂိတ်ဘက်မှ ကြံများကို တရုတ်နိုင်ငံဘက်သို့ ယခုအခါ တင်ပို့နေပြီဖြစ်ကြောင်း နယ်စပ်ကုန်သည်တစ်ဦးထံမှ သိရသည်။

အဆိုပါ တင်ပို့သော ကြံများကို လက်ရှိအချိန်တွင်  တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် စတင်ခုတ်နေကြပြီး ကြံ ၁ တန်ကို တရုတ်ငွေ ယွမ် ၃၇၀ (မြန်မာငွေ လက်ရှိပေါက်ဈေး ၁၄၀၀၀ကျပ်ခန့်) ရှိပြီး လုပ်အားခများအတွက်လည်း ကြံ ၁ စီးကို မြန်မာငွေ(၃၀၀)ကျပ်ပေးကြောင်း (၄၅)စီးကို ၁ တန်တွက်ပေးကာ ကြံခုတ်စရိတ်အပါအဝင် (၁၅၀၀၀)ကျပ်ဝန်းကျင်ရရှိကြောင်း၊  ပြီးခဲ့တဲ့နှစ်များတွင်လည်း တရုတ်ဘက်ကကြံတွေ ဝယ်ယူနောက်ကျမှုနှင့် မိုးတွင်းကျရောက်မှုကြောင့် မူဆယ်နယ်စပ်တကြောက ကြံဧကသောင်းချီမရောင်းနိုင်ဘဲ ဆုံးရှံးခဲ့ရကြောင်း၊ ကြံကုန်သည်တစ်ဦးထံမှသိရပြီး ယခုအခါ Covid-19 ကူးစက်ရောဂါနှုန်းဖြေလျော့လာသည့်အတွက် မြန်မာဖက်မှ ကြံတောင်သူများအတွက် မျှော်လင့်ချက်ရှိလာနေပြီဖြစ်ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)