မော်လမြိုင်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင်     ဒီဇင်ဘာ   ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အသိပညာပေးဟောပြောပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက  ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ လူကုန်ကူးမှုကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့၊ မိုင်းအန္တရာယ်အသိပညာပေးခြင်းများကိုလည်းကောင်း ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဖြိုးဝေဝင်းက  ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်များအကြောင်ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။

ထိုနောက် ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို‌ မေးမြန်းခဲ့ကြရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင် (ပြန်/ဆက်)