ကျိုက်မရော၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေရှင်းလင်းဆွေးနွေးပွဲကျင်းပ

ကျိုက်မရော  ဒီဇင်ဘာ  ၁၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ(၂၀၂၂)အရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး  ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျိုက်မရောမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းမင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး   မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးရန်နိုင်ထွန်းက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေများအား    Power Point ဖြင့်  ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိဒေါ်နီလာထွန်းက အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းနှင့်ပါတ်သက်၍  မည်သည့်အသင်းအဖွဲ့မဆို စီမံခန့်ခွဲရေးနည်းလမ်းအရ ပြစ်မှုပြစ်ဒဏ်များကို ချမှတ်ထားပြီး ဥပဒေပုဒ်မ ၃၃ မှ ၃၉ အထိရှိကြောင်း အသင်းအဖွဲ့များအနေဖြင့် အသင်းမှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်သက်တမ်းတိုးခြင်းများကို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် အသင်းအဖွဲ့များက အဆိုပါဥပဒေအရအသင်းအဖွဲ့များ၏ မှတ်ပုံတင်အသစ်လျောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းများနှင့်ပါတ်သက်၍ သိရှိလိုသည်များကို  မြို့နယ်ဥပဒေအရာရှိက ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျိုက်မရောမြို့နယ်အတွင်းရှိ  လူမှုရေးအသင်းအဖွဲ့(၄၂)ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)