ပေါက်တောမြို့နယ် အခြေခံပညာကျောင်းများ၌ မြို့နယ်ကြက်ခြေနီအဖွဲ့မှ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ပေါက်တော  ဒီဇင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် အ.ထ.က(မြို့မ)ကျောင်းနှင့် အ.လ.က-ဒါးကိုင်ကျောင်းများ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပေါက်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့ နေ့လယ်ပိုင်းက အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပေါက်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုးနှင့် အဖွဲ့ဝင်များက ယမန်နေ့နေ့လယ်ပိုင်းက အ.ထ.က(မြို့မ)ကျောင်းနှင့် အ.လ.က-ဒါးကိုင်ကျောင်းများတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာများကို ဟောပြောခြင်း၊ ကျောင်းကြက်ခြေနီအဖွဲ့ ဖွဲ့စည်းခြင်း၊ ရှေးဦးသူနာပြုစုနည်းပညာရပ်များပို့ချခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ၊ ကျောင်းသုံးကြက်ခြေနီ အရေးပေါ်ဆေးအိတ်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)