မောင်တော ဒီဇင်ဘာ ၁၀
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် ရခိုင်ပြည်နယ် အထိမ်းအမှတ်အကြို ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီဌာနက ဦးဆောင်ကာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး အတွက် စုပေါင်းလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီက မြို့မနာရီစင်ခွဆုံ စုရပ်မှ စတင်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ အင်အား (၇၀၀)ခန့် စုပေါင်း လမ်းလျှောက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲကို မြို့မနာရီစင်ခွဆုံ စုရပ်မှ စတင်ကာ မြို့ဝင်မုခ်ဦး အနီးအနားထိ လည်းကောင်း၊ ထိုမှတစ်ဆင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ပြန်လျှောက်ကာ အားကစားကွင်းအတွင်း “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” အစီအစဉ် (Fitness Dance) အက လေ့ကျင့်ခန်းများ တစ်ပျော်တစ်ပါး စုပေါင်း ပြုလုပ်ဆောင်ရွက်မည်ဖြစ်ပြီး လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူများ အား ကောက်ညှင်းပေါင်းဖြင့် ဧည့်ခံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်(ပြန်/ဆက်)