သံတွဲမြို့၌ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ

သံတွဲ   ဒီဇင်ဘာ   ၁၀

တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးအတွက် ၂၀၂၂ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ်စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅:၃၀နာရီက သံတွဲမြို့ ဒွါရာဝတီမြို့မ ဈေးရှေ့မှစတင်ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ကျောင်းသားသူများနှင့် ‌ဒေသခံပြည်သူများစုစုပေါင်း ၂၀၀ ဦးခန့် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက် မြိုက်စွာပါဝင်ဆင်နွဲ့ခဲ့ကြသည်။

အဆိုပါဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလူထုလမ်းလျှောက်ပွဲပါဝင် ဆင်နွှဲသူများသည် ဒွါရာဝတီမြို့မဈေးရှေ့မှစတင်၍ သံတွဲ-တောင်ကုတ်ကားလမ်းမကြီး မြို့အထွက် ကြံတိုင်းအောင်ဆီဆိုင်ရှေ့ ထိုမှတဆင့် မြို့မအားကစားကွင်းသို့ ပျော်ပျော်ပါးပါးလမ်း လျှောက်ကြ ပြီး စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲအမှတ်(၁)၊(၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ များက ဦးဆောင်၍ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

ခရိုင်ပြန်/ဆက်