ကျိုင်းတုံ ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၈ ရက်က အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ကျင်းပသည်။
ဟောပြောပွဲတွင် ကျိုင်းတုံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်နိုင်ဝင်း နှင့်တာဝန်ရှိသူများက မီးလောင်ကျွမ်းမှုဖြစ်ပွားပါက စနစ်တကျ မီးငြိမ်းသတ်နည်းများ၊ မီးသတ်ဆေးဗူးအသုံးပြုနည်းများ၊ အိမ်သုံးလျှပ်စစ် ပစ္စည်းများ နှင့်ပတ်သက်သော သတိပြုဖွယ်ရာများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောသည်။
ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးဖြင့် လက်တွေ့ သရုပ်ပြ မီးငြိမ်းသတ်ခြင်းတွင် ကျောင်းသား၊ ကျောင်းသူများပူးပေါင်းလုပ်ဆောင် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)