မင်းလှ ဒီဇင်ဘာ ၇
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပညာရေးဌာနက မြို့နယ်အဆင့်အသက် (၁၈)နှစ်အောက် ကျောင်းသားကျောင်းသူများ လူရွေးချယ်ပွဲကို မြို့နယ်အောင်တံခွန်အားကစားကွင်း၌ ယနေ့ နံနက် ၇ နာရီချိန်က စတင်ပြုလုပ်ခဲ့သည်။
ကျောင်းသားအားကစားပွဲတော်တွင်ပါဝင်ရန် လူရွေးချယ်ခြင်းကိုမြို့နယ် ပညာရေးမှူး ဒေါ်သန်းဌေးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ၊ ကာယဆရာဆရာများက အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ဘောလီဘောပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲများကျင်းပ၍ အားကစားစည်းကမ်းချက်များနှင့်အညီစီစစ်ရွေးချယ်ခဲ့ကြသည်။
အဆိုပါ လူရွေးချယ်ပွဲကို(၂)ရက် ကြာပြုလုပ်မည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့်ပြိုင်ပွဲများတွင် ရွေးချယ်ခံရသူများသည် ခရိုင်အဆင့်လူရွေးချယ်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)