ခိုလမ်မြို့၌ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

ခိုလမ် ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်၏ စီစဉ်မှုဖြင့် မြို့ရဲစခန်းအပြင်၌ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းက အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့သည်။

ထိုသို့ ရောင်းချပေးရာတွင် ကြက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

နေလင်းထွန်း(ခိုလမ်)